Latest News
-
အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၄)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ရှမ်းခေါင်းဗြဲကျေးရွာ၊ ရိုးလေးဝကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ရေဖျင်းကျောင်းကျေးရွာ၊ ရေကျော်(အရှေ့)ကျေးရွာများ၌ မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များအား ကျေးရွာနေပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လိုက်လံနှိုးဆော် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may_2024 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
နေပြည်တော်တိုင်းဒေသကြီး၊ ဇေယျာသီရိမြို့နယ်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချက်၊ ဝဲကြီး၊ ရုံးပင်ဇောင်း၊ သာယာကုန်း၊ ရွာသစ်ကြီး၊ စည်ပင်သာယာ၊ ကျည်တောင်ခေါမ၊ သဲကျွန်း၊ မွန်းတည့်ခွင်၊ တံတားဦး၊ ခါးပြတ် ကျေးရွာများ၌ ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၅-၂၀၂၄) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ် ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့၌ မိုးကြိုးကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုးဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may_2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စုနှင့် ရှားဖြူကျင်းအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စုနှင့် ရှားဖြူကျင်းအုပ်စုတွင် (၁၀.၅.၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၈)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၀,၀၀ဝိ/-)၊ စုစုပေါင်း လူဦးရေ (၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၅,၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၅,၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁)အိမ်ထောင်စာတို့အား (၁၄.၅.၂၀၂၄)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may_2024 Source: … Read more
-
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မဈေးတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မဈေး၌ နွေရာသီကာလတွင်ဖြစ်ပွားတတ်သော လေပြင်းဘေးအန္တရာယ်၊ မိုးကြိုကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးပစ်ခြင်းနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်အုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများသို့ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ ပန်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးထောက်ပံ့ပြီးစီးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ ပန်းကုန်းကျေးရွာတွင် (၁၂-၅-၂၀၂၄) ရက်နေ့ (၁၅း၁၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) နှင့် လူဦးရေစုစုပေါင်း (၈) ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀ဝိ/-) နှင့် (၁၂၅,၀၂၄/-) တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၁၄-၅-၂၀၂၄) ရက်နေ့ (၁၄း၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_may_2024 Source: … Read more









