ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၅-၂၀၂၄) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ် ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့၌ မိုးကြိုးကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုး‌ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌tny_may_2024

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events