နေပြည်တော်တိုင်းဒေသကြီး၊ ဇေယျာသီရိမြို့နယ်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချက်၊ ဝဲကြီး၊ ရုံးပင်ဇောင်း၊ သာယာကုန်း၊ ရွာသစ်ကြီး၊ စည်ပင်သာယာ၊ ကျည်တောင်ခေါမ၊ သဲကျွန်း၊ မွန်းတည့်ခွင်၊ တံတားဦး၊ ခါးပြတ် ကျေးရွာများ၌ ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_may_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events