လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စုနှင့် ရှားဖြူကျင်းအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စုနှင့် ရှားဖြူကျင်းအုပ်စုတွင် (၁၀.၅.၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁)လုံးနှင့် တစ်စိတ်တစ်ပို​င်းပျက်စီးအိမ်ခြေ (၈)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၀,၀၀ဝိ/-)၊ စုစုပေါင်း လူဦးရေ (၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၅,၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၅,၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁)အိမ်ထောင်စာတို့အား (၁၄.၅.၂၀၂၄)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#‌ayy_may_2024

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events