အင်္ဂပူမြို့‌နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၄)ရက်နေ့တွင် အင်္ဂပူမြို့‌နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ ရှမ်းခေါင်းဗြဲကျေးရွာ၊ ရိုးလေးဝ‌ကျေးရွာ‌၊‌ ရွှေညောင်ပင်ကျေးရွာ၊ ရေဖျင်းကျောင်းကျေးရွာ၊ ရေကျော်(အရှေ့)‌ကျေးရွာများ၌ မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များအား ကျေးရွာနေပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လိုက်လံနှိုးဆော် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌ayy_may_2024

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events