Category Archives: News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ မန်ခိန်နှစ်ခြင်း၊ စီတာပူဆွတ်ငိုင်တောင်၊ ဂျမိုင်ကောင်းနှစ်ခြင်း၊ ဂျမိုင်ကောင်းRC စခန်းများရှိအိမ်ထောင်စု စုစုပေါင်း (၄၇၀) စုအတွက် ဆပ်ပြာခဲ (၄၇၀) ခဲကိုပေးအပ်ခဲ့ပြီး၊ မင်းရပ်ရပ်ကွက်၊ စီတာပူဆွတ်ငိုင်မြောက်ပိုင်းတို့၌ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိ ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်ဆောင်ရွက်ခြင်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၃၀)အချိန်ထိပခုက္ကူမြို့နယ်၊ နန်းဝောာ်ရပ်ကျေးရွာ၊ မြင်းဝင်းကျေးရွာ၊ ကုလားချောင်းကျေးရွာ၊ ဘဲကြီးကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ ဖက်ပင်ကျေးရွာနှင့် မှိုက်ပင်ကုန်းကျေးရွာများသို့သွားရောက်အသိပညာပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးကြေငြာခြင်းများကို ဇေယျာသီရိမြို့နယ်၊ ကျောက်ချပ်ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ ထိန်ပင်ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရှမ်းရွာကျေးရွာ၊ သာယာအေးကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာ၊သ ပြေပင်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ရှာစေးဖိုကျေးရွာ၊ ရွှေပေးကျေးရွာ၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာ၊ ရွှေသမြူးကျေးရွာ၊ လေသာ(တ+မ)ကျေးရွာ၊ သရက်တောကျေးရွာ၊ ကြို့ပင်စိတ်ကျေးရွာ၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်မှ (၁၉:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒက္ခိဏသီရိမြို့နယ်၊ကူနှစ်လုံးဆယ်စုကျေးရွာအုပ်စု၊ သာယာစုကျေးရွာ၊ဆည်စုကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ ဂွေးတောက်ရိုးကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ၊ကျေးစာဥကျေးရွာ၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာ၊ရွာသစ်ကျေးရွာ၊ ရဲဒိကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_apr2020
-
COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူသို့အသိပညာပေးပန်ကြားချက်များကို လှည့်လည် ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မာဃသဟာယ လူမှုအထောက်အကူပြု အဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အုတ်လှကျေးရွာ၊ လုံဟောကျေးရွာ၊ ဇာဟောကျေး ရွာ၊ တောင်ယာပြင်ကျေးရွာ၊ လုံခြုံကျေးရွာ၊ မကျည်းခင်ကျေးရွာ၊ ဇီးပြားကျေးရွာများသို့ (၆-၄-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီမှ (၁၆:၀၀)နာရီအချိန်ထိ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေး ပန်ကြားချက်များကို လှည့်လည် ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာ အုပ်စု၊သီရိမင်္ဂလာကျေးရွာ၊ရွှေခဲအင်းကျေးရွာ၊ကျောက်ခဲအင်းကျေးရွာ၊ ကျွဲတဲကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာလိုက်လံ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_apr2020
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်၊ ကံသစ်ကုန်းကျေးရွာနှင့်ရွာပုလဲကြီးကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများအား သောက်ရေဂါလံ (၃,၆၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မမသောင်အနောက်ကျေးရွာနှင့် ဘန်လောကျေးရွာအုပ်စု၊ သမီးလှအနောက်ကျေးရွာတို့မှ လေပြင်းဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၂)စုစာ၊ အမိုးပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်၊ အမိုးပျက်စီးဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၁,၅၀၀) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့တွင် (၀၉:၀၀)အချိန်မှစ၍ (၁၇:၀၀)အချိန်ထိ ပုလဲမြို့နယ်အတွင်းရှိ သင်တီးကန်အနောက်ရွာ၊ သင်တီးကန်အရှေ့ရွာ၊ မုံကြိုင်းကျေးရွာ၊ သတ္တရာကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မင်းတိုင်ပင်ကျေးရွာ၊ လက်ပုကန်ကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ နွယ်ရှောက်ကျေးရွာ၊ ကျွန်းဘိုကုန်းကျေးရွာ၊ မြကုန်းကျေးရွာမင်းရွာကျေးရွာ များအတွင်း အသံချဲ့စက်ဖြင့် Covid_19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်း နှင့်အတူ လိုက်လံအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr2020
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကျွန်းမီး (၂)ကျေးရွာတွင် (၂-၄-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး (၁) ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု (၁)စုစာ၊ ဆန် ရိက္ခာ (၇) ရက်စာဖိုးငွေ(၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀) ကျပ်တို့အား (၆-၄-၂၀၂၀)ရက်နေ့၊ (၁၆:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ … Read more









