လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးကြေငြာခြင်းများကို ဇေယျာသီရိမြို့နယ်၊ ကျောက်ချပ်ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ ထိန်ပင်ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရှမ်းရွာကျေးရွာ၊ သာယာအေးကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာ၊သ ပြေပင်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ရှာစေးဖိုကျေးရွာ၊ ရွှေပေးကျေးရွာ၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာ၊ ရွှေသမြူးကျေးရွာ၊ လေသာ(တ+မ)ကျေးရွာ၊ သရက်တောကျေးရွာ၊ ကြို့ပင်စိတ်ကျေးရွာ၊ ရွှေပေးကျေးရွာ၊ သာယာစုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေဗဟိုရ်ကျေးရွာနှင့် ရွှေကံသာ ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာအသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_apr2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)