Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်ခြင်းပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၆-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၃၀)အချိန်ထိပခုက္ကူမြို့နယ်၊ နန်းဝောာ်ရပ်ကျေးရွာ၊ မြင်းဝင်းကျေးရွာ၊ ကုလားချောင်းကျေးရွာ၊ ဘဲကြီးကျေးရွာ၊ ‌ညောင်ပင်ကျေးရွာ၊ ဖက်ပင်ကျေးရွာနှင့် မှိုက်ပင်ကုန်းကျေးရွာများသို့သွားရောက်အသိပညာ‌ပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_apr2020

Sign Up

Upcoming Events