ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကျွန်းမီး (၂)ကျေးရွာတွင် (၂-၄-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး (၁) ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု (၁)စုစာ၊ ဆန် ရိက္ခာ (၇) ရက်စာဖိုးငွေ(၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀) ကျပ်တို့အား (၆-၄-၂၀၂၀)ရက်နေ့၊ (၁၆:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#krn_apr2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)