Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၆-၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ဇင်းဘောင်ကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ ငုတောကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ ထီးတန်ကျေးရွာ၊ ကမာပိုကျေးရွာ၊ ကျုံကဒွန်းကျေးရွာ၊ အပြောင်ကျေးရွာ၊ သစ်တိုချောင်းကျေးရွာ၊ မဲဇလီကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်းတောင်ကျေးရွာအုပ်စု၊ ဇောင်ချမ်းတောင်ကျေးရွာ၊ အင်းလပ်ကျေးရွာ၊ စွယ်ကျိုးကျေးရွာချောင်းသာကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်သည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _apr2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက် အတွက် စီးနင်းလိုက်ပါ လာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _apr2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု (၁၄) စုရှိ ကျေးရွာပေါင်း(၂၀)ရွာတွင် ပြိုကျလူနေအိမ်(၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂၂၅)လုံးတို့ပျက်စီးခဲ့ရာ အိမ်ထောင်စု(၂၃၀) စု၊ လူဦးရေ(၉၈၉) ဦးဘေးသင့်ခဲ့ရာ ပျက်စီးလူနေအိမ်(၂၃၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၄၁၀,၀၀၀)ကျပ်၊ ဆန်(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂,၀၇၆,၉၀၀) ကျပ်၊ စုစုပေါင်း (၆,၄၈၆,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး (၅)အိမ်ထောင်စုစာတို့ကို (၁၇-၄-၂၀၂၀)ရက်နေ့တွင် … Read more
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
ဧပြီလ ၁၈ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်း မှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၁၇-၄-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင် စုရပ်(၇)ခု ဖြစ်သော အမျိုးသားကျောင်းတိုက်၊ ကရုချောင်း ဘုန်းကြီးကျောင်း၊ ဃောသိတာရုံဘုန်းကြီးကျောင်း၊ ဗုဒ္ဓမော်ဘုန်းကြီးကျောင်း၊ မဟာမုနိဗုဒ္ဓဝိဟာရဘုန်းကြီးကျောင်း၊ မဟာဇေယျသိဒ္ဓိဘုန်းကြီးကျောင်း၊ ဆည်းကြီးဘုန်းကြီးကျောင်းနှင့် IDP စခန်း(၁) ခုဖြစ်သော ဘာဆာရာ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀)ရက်နေ့တွင် မြတ်ပါရမီပရဟိတအသင်းတို့နှင့် ပူးပေါင်း၍ ကံမမြို့နယ်အတွင်းရှိ ရေနံ့သာကျေးရွာ၊ စုံကုန်းကျေးရွာ၊ သပြင်ဆောင်ကျေးရွာ၊ စမ်းသပြေကျေးရွာ၊ နတ်မီးတောက်ကျေးရွာနှင့် ထန်းဖြူကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy _apr2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ အေးချမ်းသာယာကျေးရွာ၊ ရွှေရောင်တော်ကျေးရွာ၊ ဖလံရုံကျေးရွာ၊ ကျီးပင်တက် ကျေးရွာနှင့် နန်းတော်ကုန်းကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy _apr2020
-
တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများစတင်ဖြစ်ပွားလျက်ရှိရာ (၁၇-၄-၂၀၂၀)နေ့တွင်- ဧရာ၀တီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ နေအိမ်(၇)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၉၆)လုံး နှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးအကာလန်ပျက်စီးခြင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဉီးမြို့နယ်၌ နေအိမ်(၂၁)လုံး၊ အရာတော်မြို့နယ်တွင် နေအိမ်(၃) လုံး စုစုပေါင်း နေအိမ်(၂၄)လုံး အမိုးအကာလန်ပျက်စီးခြင်း ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်တွင် နေအိမ်(၄)လုံး၊ ဖယ်ခုံမြို့နယ်တွင် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၅)လုံး အမိုးအကာလန်ပျက်စီးခြင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ … Read more
-
ဒဏ်ရာရပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးအရှေ့မြောက်ဘက် (၈) မိုင်ခန့်အကွာ၊ ဟိုအက်အုပ်စု၊ ဂျွန်မြန်းကျေးရွာတွင် ပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ကယ်ဆယ်ရေး ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၁၈-၄-၂၀၂၀) ရက်နေ့ ၊ (၁၆:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ခဲ့ပါသကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_otr #shn_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ Masks နှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၈ – ၄ -၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDP Camps) မိုင်းယု၊ကုန်စုံ အိမ်ထောင်စု (၈၂) စု လူဦးရေ (၄၂၄) ဦးနှင့် မိုင်းယုလေး အိမ်ထောင်စု (၇၇) စု လူဦးရေ (၃၈၉) ဦးတို့ကို Covid-19ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်းနှင့် အိမ်ထောင်စု တစ်စုလျှင်Mask (၂) ခုနှင့် ဆပ်ပြာခဲ (၂) … Read more









