တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများစတင်ဖြစ်ပွားလျက်ရှိရာ (၁၇-၄-၂၀၂၀)နေ့တွင်-

  • ဧရာ၀တီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ နေအိမ်(၇)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၉၆)လုံး နှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးအကာလန်ပျက်စီးခြင်း
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဉီးမြို့နယ်၌ နေအိမ်(၂၁)လုံး၊ အရာတော်မြို့နယ်တွင် နေအိမ်(၃) လုံး စုစုပေါင်း နေအိမ်(၂၄)လုံး အမိုးအကာလန်ပျက်စီးခြင်း

ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်တွင် နေအိမ်(၄)လုံး၊ ဖယ်ခုံမြို့နယ်တွင် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၅)လုံး အမိုးအကာလန်ပျက်စီးခြင်း

  • ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်၌ နေအိမ်(၄)လုံး အမိုးအကာလန် ပျက်စီးခြင်း
  • ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် နေအိမ်(၉)လုံးနှင့် ဘာသာရေးကျောင်း(၁) ကျောင်း အမိုးအကာလန်ပျက်စီးခြင်းနှင့် လူ(၁)ဉီးသေဆုံးခြင်းတို့ဖြစ်ပွားခဲ့ပါသည်။

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများမှတာဝန်ရှိသူများသည်လေပြင်း တိုက်ခတ်မှု ဖြစ်ပွားရာနေရာများသို့ သွားရောက်ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး များ စုစုပေါင်း(၅,၆၀၀,၀၀၀/-) ကျော် (ကျပ်ငါးဆယ့်ခြောက်သိန်း ကျော်) ထောက်ပံ့ထားရှိပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့နှင့်ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။

#ha_sgw

Source:           MSWRR

 

Sign Up

Upcoming Events