
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၆-၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ဇင်းဘောင်ကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ ငုတောကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ ထီးတန်ကျေးရွာ၊ ကမာပိုကျေးရွာ၊ ကျုံကဒွန်းကျေးရွာ၊ အပြောင်ကျေးရွာ၊ သစ်တိုချောင်းကျေးရွာ၊ မဲဇလီကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_apr2020