
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ အေးချမ်းသာယာကျေးရွာ၊ ရွှေရောင်တော်ကျေးရွာ၊ ဖလံရုံကျေးရွာ၊ ကျီးပင်တက် ကျေးရွာနှင့် နန်းတော်ကုန်းကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy _apr2020