
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀)ရက်နေ့တွင် မြတ်ပါရမီပရဟိတအသင်းတို့နှင့် ပူးပေါင်း၍ ကံမမြို့နယ်အတွင်းရှိ ရေနံ့သာကျေးရွာ၊ စုံကုန်းကျေးရွာ၊ သပြင်ဆောင်ကျေးရွာ၊ စမ်းသပြေကျေးရွာ၊ နတ်မီးတောက်ကျေးရွာနှင့် ထန်းဖြူကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy _apr2020