ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ဧပြီလ ၁၈ ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်း မှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၄-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင် စုရပ်(၇)ခု ဖြစ်သော အမျိုးသားကျောင်းတိုက်၊ ကရုချောင်း ဘုန်းကြီးကျောင်း၊ ဃောသိတာရုံဘုန်းကြီးကျောင်း၊ ဗုဒ္ဓမော်ဘုန်းကြီးကျောင်း၊ မဟာမုနိဗုဒ္ဓဝိဟာရဘုန်းကြီးကျောင်း၊ မဟာဇေယျသိဒ္ဓိဘုန်းကြီးကျောင်း၊ ဆည်းကြီးဘုန်းကြီးကျောင်းနှင့်  IDP စခန်း(၁) ခုဖြစ်သော ဘာဆာရာ IDP စခန်း သို့သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ (၁) တောင့်နှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၅၂၄) စုအတွက် ဆပ်ပြာတောင့် (၅၂၄) တောင့်နှင့် mask  (၁၀၄၈) ခုထောက်ပံ့ပေးခဲ့ပါသည်။

၁၈-၄-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စခန်းများဖြစ်ကြသော မဟာဝိဇယာရာမကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ ဒက္ခေါန်ကျောင်းတိုက်၊ မဟာအောင်မြေ ဘုံကျောင်း၊ တေဇာရာမကမဌာန်းကျောင်း၊ သာသနာ့ဗိမာန်ကျောင်းများသို့ သွားရောက်လျက် အိမ်ထောင်စု (၇၃) စုအတွက် ဆပ်ပြာတောင့် ၇၃ တောင့်၊ Mask (၁၄၆)ခု ကို ထောက်ပံ့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_sgw

Source:           MSWRR

Sign Up

Upcoming Events