လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၈ – ၄ -၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDP Camps) မိုင်းယု၊ကုန်စုံ အိမ်ထောင်စု (၈၂) စု လူဦးရေ (၄၂၄) ဦးနှင့် မိုင်းယုလေး အိမ်ထောင်စု (၇၇) စု လူဦးရေ (၃၈၉) ဦးတို့ကို Covid-19ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်းနှင့် အိမ်ထောင်စု တစ်စုလျှင်Mask (၂) ခုနှင့် ဆပ်ပြာခဲ (၂) တောင့်နှုန်း၊ စုစုပေါင်းအိမ်ထောင်စု (၁၅၉) စု လူဦးရေ (၈၁၈) ဦးအတွက် Masksနှင့်ဆပ်ပြာများဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_apr2020