
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု (၁၄) စုရှိ ကျေးရွာပေါင်း(၂၀)ရွာတွင် ပြိုကျလူနေအိမ်(၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂၂၅)လုံးတို့ပျက်စီးခဲ့ရာ အိမ်ထောင်စု(၂၃၀) စု၊ လူဦးရေ(၉၈၉) ဦးဘေးသင့်ခဲ့ရာ ပျက်စီးလူနေအိမ်(၂၃၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၄၁၀,၀၀၀)ကျပ်၊ ဆန်(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂,၀၇၆,၉၀၀) ကျပ်၊ စုစုပေါင်း (၆,၄၈၆,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး (၅)အိမ်ထောင်စုစာတို့ကို (၁၇-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mgy _apr2020v