Category Archives: News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်မိ၊ ရပ်ဖများနှင့်ပူးပေါင်းပြီး (၁၁-၅-၂၀၂၀) ရက်နေ့တွင် အင်ကုန်းကျေးရွာ၊ အင်းပေါက်ကျေးရွာ၊ ရွေလင်းတကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဝဲကသာကျေးရွာစသည့်ကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မရှိစေရန် ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး နံရံကပ်ပိုစတာများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ ၊ (၁၂:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ ရွှေမောင်းဂွက်ကျေးရွာအုပ်စု၊ ရွှေမြင့်မိုရ်ကျေးရွာနှင့် သံပုရာကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာရပ်ကွက်ရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #npw_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၅-၂၀၂၀) ရက်နေ့(၀၉:၀၀) အချိန်မှ စတင်၍ (၁၆:၃၀) အချိန်ထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပေါင်းဝကျေးရွာ၊ ဆားခါးကျေးရွာ၊ ခွင်သာရွာ၊ သရက်ကိုင်းကျေးရွာ၊ နှောကူးတို့ကျေးရွာ၊ ရွာသာအေး ကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ဆားထုံးကျေးရွာနှင့် ထန်းဇင်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်စေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ လိုက်လံ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါ ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၁-၅-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ(၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီပါလယ်သောင်တန်း ကျေးရွာအုပ်စုအတွင်းရှိ မြစ်ကလေးတန်းကျေးရွာ၊ သောင်တန်းကျေးရွာနှင့် ထီပါလယ်ကျေးရွာများတို့တွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များအား အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေး လုပ်ဆောင်မှုများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: … Read more
-
မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၈)ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker, Hand Speaker များဖြင့် လှည့်လည်ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်အတွင်း၌ (၆-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေကူမြို့နယ်၊ သပြေလှကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ရွှေဘုံသာကျေးရွာ၌ တစ်စိတ်တစ်ပိုင်း လေဘေးသင့်အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၄၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆၇,၂၀၀/-) ကျပ်တို့အားလည်းကောင်း၊ ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအုပ်စု၊ လိပ်စင်းကျေးရွာ၌ လုံးဝပျက်စီး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၃:၀၀)နာရီအချိန်မှ(၁၄:၀၀) နာရီအချိန် ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် ဝင်းကံကျေးရွာအုပ်စု၊ ကြာစီအောင်ကျေးရွာနှင့် ကိုးတဲစုကျေးရွာတို့တွင် အိမ်ထောင်စု (၂၀၀) စုနှင့် လူဦးရေ (၆၀၀) ဦးခန့်တို့အတွက် သောက်သုံး ရေ လုံလောက်စွာရရှိရေး လိုအပ်လျက်ရှိသည့် မြေသားရေကန် တူးဖော်ခြင်းအတွက် ထောက်ပံ့ ငွေ(၈၉၇၀၀၀၀/-)ကျပ် အား ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၁-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့နယ်၊ လုပ်ဝိုင်ကျေးရွာ၊ ကွန်သျှိုးကျေးရွာ၊ ကုန်းမုန်ကျေးရွာနှင့် လားရှိုးပညာရေးကောလိပ်၌ တစ်ညအိပ်တည်းခိုနေထိုင်ရသော နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လားရှိုးခရိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ ၊ နံနက်(၉:၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ ကက်သလစ် IDP စခန်းနှင့် နှစ်ခြင်း IDP စခန်းများတွင် COVID-19 အသက်ရူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ အသိပညာပေး ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာ (၂) ခုနှင့် အပူချိန်တိုင်းကိရိယာ (၂) ခု စသည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_may2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက် (၅) ကက်သလစ်ဘုရားကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီ ဘုရားကျောင်း IDPs စခန်း (၈) ခုမှ အိမ်ထောင်စု (၃၉၆) စု၊ လူဦးရေ (၂၁၄၈) ဦးအတွက် လက်ဆေးစင် (၁၃) စုံ၊ အဝတ် Mask (၄၂၉၆) ခု၊ အပူချိန်တိုင်းကိရိယာ … Read more









