လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက် (၅) ကက်သလစ်ဘုရားကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီ ဘုရားကျောင်း IDPs စခန်း (၈) ခုမှ အိမ်ထောင်စု (၃၉၆) စု၊ လူဦးရေ (၂၁၄၈) ဦးအတွက် လက်ဆေးစင် (၁၃) စုံ၊ အဝတ် Mask (၄၂၉၆) ခု၊ အပူချိန်တိုင်းကိရိယာ (၈) ခု၊ လက်သန့်စင်ဆေးရည် (၇၉၂) ဗူး၊ Hand Speaker (၈) ခု၊ Memory Stick (၈) ခုနှင့် အသိပညာပေးဗွီနိုင်းပိုစတာ (၈) ချပ်တို့အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)