လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၁-၅-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ(၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီပါလယ်သောင်တန်း ကျေးရွာအုပ်စုအတွင်းရှိ မြစ်ကလေးတန်းကျေးရွာ၊ သောင်တန်းကျေးရွာနှင့် ထီပါလယ်ကျေးရွာများတို့တွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များအား အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေး လုပ်ဆောင်မှုများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)