လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်မိ၊ ရပ်ဖများနှင့်ပူးပေါင်းပြီး (၁၁-၅-၂၀၂၀) ရက်နေ့တွင် အင်ကုန်းကျေးရွာ၊ အင်းပေါက်ကျေးရွာ၊ ရွေလင်းတကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဝဲကသာကျေးရွာစသည့်ကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မရှိစေရန် ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး နံရံကပ်ပိုစတာများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)