COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၅-၂၀၂၀) ရက်နေ့(၀၉:၀၀) အချိန်မှ စတင်၍ (၁၆:၃၀) အချိန်ထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ​ ပေါင်းဝကျေးရွာ၊ ဆားခါးကျေးရွာ၊ ခွင်သာရွာ၊ သရက်ကိုင်းကျေးရွာ၊ နှောကူးတို့ကျေးရွာ၊‌ ရွာသာ‌‌အေး ကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ဆားထုံးကျေးရွာနှင့် ထန်းဇင်‌ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်စေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ လိုက်လံ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါ ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_may2020

Source:  ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events