ထောက်ပံ့ငွေပေးအပ်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၃:၀၀)နာရီအချိန်မှ(၁၄:၀၀) နာရီအချိန် ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် ဝင်းကံကျေးရွာအုပ်စု၊ ကြာစီအောင်ကျေးရွာနှင့် ကိုးတဲစုကျေးရွာတို့တွင် အိမ်ထောင်စု (၂၀၀) စုနှင့် လူဦးရေ (၆၀၀) ဦးခန့်တို့အတွက် သောက်သုံး ရေ လုံလောက်စွာရရှိရေး လိုအပ်လျက်ရှိသည့် မြေသားရေကန် တူးဖော်ခြင်းအတွက် ထောက်ပံ့ ငွေ(၈၉၇၀၀၀၀/-)ကျပ် အား ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ် မြေအမှတ် (၁) ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#mon_may2020

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events