လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်အတွင်း၌ (၆-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေကူမြို့နယ်၊ သပြေလှကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ရွှေဘုံသာကျေးရွာ၌ တစ်စိတ်တစ်ပိုင်း လေဘေးသင့်အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၄၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆၇,၂၀၀/-) ကျပ်တို့အားလည်းကောင်း၊ ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအုပ်စု၊ လိပ်စင်းကျေးရွာ၌ လုံးဝပျက်စီး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်တို့အား သက်ဆိုင်ရာ ကျေးရွာများ၌  (၁၀/၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#kcn_may2020

Source:  ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events