COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ ၊ (၁၂:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ ရွှေမောင်းဂွက်ကျေးရွာအုပ်စု၊ ရွှေမြင့်မိုရ်ကျေးရွာနှင့် သံပုရာကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာရပ်ကွက်ရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#npw_may2020

Sign Up

Upcoming Events