Category Archives: News
-
မြေအက်ကွဲကြောင်းများပေါ်ပေါက်လာမှုအခြေအနေအားကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာအုပ်စု၊ ယင်းမူကုန်းကျေးရွာ၌ ပေါ်ပေါက်လာသော မြေအက်ကွဲကြောင်းနှင့် ဓါတ်ငွေ့များစိမ့်ထွက်လာမှုအကြောင်း သတင်းရရှိခဲ့ရာ ရွှေတောင်မြို့နယ် အထွေထွေအုက်ချုပ်ရေးဦးစီးဌာန၊ မြစ်ချောင်းဖြိုးဦးစီးဌာနနှင့် ပြည်တောင်တန်းရေနံမြေမှ ဘူမိဗေဒပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်ခဲ့ပြီး ရပ်ရွာလူထုအား ဖြစ်စဉ်အားသုံးသပ်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရန်များအားရှင်းလင်းတင်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #lsd #bgo_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁-၅-၂၀၂၀)ရက်နေ့၌ သရက် ချောင်းမြို့နယ်အတွင်းရှိ ချောင်းဝပြင်ကျေးရွာနှင့် ကျွဲခြံ ကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ နေ့လည်(၁၄:၃၀)နာရီအချိနိအထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လက်ပံကုန်းကျေးရွာ၊ ဖိုးအောင်နီကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ လယ်တောချောင်းကျေးရွာ၊ တခွန်တိုင်ကျေးရွာ၊ ပျဉ်းမငူကျေးရွာ၊ လွှစင်စုကျေးရွာ၊ တလုပ်ထော်ကျေးရွာ၊ အနောက်စု ကျေးရွာ၊ ခလောက်သိုက်ကျေးရွာနှင့် အရှေ့ဥယျာဉ်စုကျေးရွာတို့၌ လတ်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဓမ္မကျွန်း ကျေးရွာတွင် ကမ်းပြိုပြောင်းရွှေ့အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စုရှိ လူဦးရေ(၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၁၅၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၁၃၁၅၅၀၀/-)ကျပ်ကို (၂၁-၅-၂၀၂၀)ရက်နေ့(၁၃:၄၅)နာရီ အချိန်တွင်အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ rbe #ayy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀) နာရီထိ ဟင်္သာတမြို့နယ်အတွင်းရှိ ကျုံတွမ်အုပ်စု(အိုးဘို၊ နတ်ချောင်း၊ ကျုံတွမ်တောင်) ကျေးရွာ တို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀ )ရက်နေ့တွင် စီပင်အုပ်စု၊ ရှောက်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၆၀ဝဝဝိ/-)ကျပ်၊ ပြိုလဲပျက်စီးအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၃၄၇၅၃ /-)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၆၈၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေ(၂၁၁၅၅၃/-) ကျပ်တို့ကို (၂၁-၅-၂၀၂၀)ရက်နေ့တွင် (၁၃:၃၀)နာရီအချိန်တွင်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ဘေးသင့်ပြည်သူများ … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ နှစ်ခြင်း(မူရင်း) IDPစခန်း အိမ်ထောင်စု(၁၁)စု၊ လူဉီးရေ(၅၀)ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ (၁)ခု၊ hand speaker (၁)ခု၊ memory stick( ၁) ခု၊ ဘေစင်( ၁)စုံ၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၅၀)ခဲ၊ လက်သန့်ဆေးရည်(၂၂)ဗူးနှင့် အဝတ်mask (၁၀၀)ခု၊ ဗန်းမော်မြို့၊ ရောဘတ်ကျောင်း IDPစခန်း၊ အိမ်ထောင်စု(၆၂၈)စု၊ လူဉီးရေ(၃၉၅၅)ဉီးတို့အတွက် hand speaker(၁)ခု၊ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ပန်းတနော် မြို့နယ်၊ ကျုံတုံးကလေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၇) ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀ )ရက် နှင့် (၁၉-၅-၂၀၂၀) ရက်များတွင် (၁၃:၃၀)နာရီအချိန်နှင့် (၁၇:၃၀)နာရီအချိန်တို့၌ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ (၅)ရွာ တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ လေဘေးသင့်အမိုးလန်နေအိမ် (၆) လုံးတို့အတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀ဝိ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၀၀၀ဝိ)ကျပ် တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်နှင့်(၂၀-၅-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီ အချိန် တို့တွင် … Read more
-
နမ့်စန်မြို့နယ်အတွင်း၌ လေပြင်းကျပြီး မိုးသီးကြွေကျမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်စန်မြို့နယ်၊ ဝမ်နောင်အုပ်စု၊ ကုန်းဆာ(တောင်) ကျေးရွာ၌ (၁၈-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းကျပြီး မိုးသီးကြွေကျမှုများကြောင့် ဘေးသင့် အမိုးလန် လူနေအိမ် (၄၅) လုံး၊ လူဦးရေ (၂၀၃) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၆၀၁,၀၀၀/-) ကျပ်တို့အား (၂၁-၅-၂၀၂၀) ရက်နေ့၊ (၁၀၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ha_hstr #shn_may2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









