လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀ )ရက် နှင့် (၁၉-၅-၂၀၂၀) ရက်များတွင် (၁၃:၃၀)နာရီအချိန်နှင့် (၁၇:၃၀)နာရီအချိန်တို့၌ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ (၅)ရွာ တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ လေဘေးသင့်အမိုးလန်နေအိမ် (၆) လုံးတို့အတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀ဝိ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၀၀၀ဝိ)ကျပ် တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်နှင့်(၂၀-၅-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီ အချိန် တို့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင် ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_may2020

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events