နမ့်စန်မြို့နယ်အတွင်း၌ လေပြင်းကျပြီး မိုးသီးကြွေကျမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်စန်မြို့နယ်၊ ဝမ်နောင်အုပ်စု၊ ကုန်းဆာ(တောင်) ကျေးရွာ၌ (၁၈-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းကျပြီး မိုးသီးကြွေကျမှုများကြောင့် ဘေးသင့် အမိုးလန် လူနေအိမ် (၄၅) လုံး၊ လူဦးရေ (၂၀၃) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၆၀၁,၀၀၀/-) ကျပ်တို့အား (၂၁-၅-၂၀၂၀) ရက်နေ့၊ (၁၀၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ha_hstr
#shn_may2020

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events