Category Archives: News
-
Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေး၊ရေဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေး ဆောင်ရွက်မှုကို ဒေးဒရဲမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၊ စစ်ကုန်း ကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ ကျည်းစုကျေးရွာ၊ အစဲကြီးကျေးရွာ၊ ကျွန်းရွာကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာလိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိူင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေး အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန်၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ (၂၅.၆.၂၀၂၀) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စုမှ ရွာပေါင်း (၂၄)ရွာသို့ သွားရောက်၍ covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် သတိပြုလိုက်နာရမည့် အချက်များအပါအဝင် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္ဆရာယ်များအကြောင်း အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_jun2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး ( ဘစမ )
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကဝမြို့နယ်၊ ချောင်းခွကျေးရွာ၊ ပိုင်ကျုံကြီးကျေးရွာ၊ ပေါက်ကွဲကျေးရွာ နှင့် အေးရွာကျေးရွာ တို့တွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်း စာစောင်များအား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_jun2020
-
Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေး၊ရေဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀) ရက်နေ့ (ဝ၇:၀၀)နာရီအချိန်မှ စတင်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ (၁၄)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy _jun2020
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများးသည် (၂၅-၆-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် မိုးတွင်းကာလ နှစ်စဥ် ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့ခံစားနေရသည့် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်မှ ထပ်မံကြိုတင် ပြောင်းရွေ့ နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀,၀၀ဝိ/-)ကျပ် အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon _jun2020
-
ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၄း၆၀) နာရီအချိန်တွင် ရသေ့တောမြို့နယ်၊ ရေမျက်ကျေးရွာအုပ်စု၊ ညောင်ပင်လှ ကျေးရွာတွင် စစ်ဘေးရှောင်ခိုလှုံနေသူသည် ယမ်းစထိမှန်၍ ဘယ်ဘက်ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့ပြီး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀,၀၀၀ိ/-)ကျပ်အား (၂၅-၆-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke _jun2020
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ရေဘေး၊ လေဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများနှင့်လက်ကမ်းစာဆောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀) ရက်နေ့တွင် (၈:၃၀) နာရီအချိန်မှ ( ၁၂:၀၀) နာရီအချိန်ထိ ကနီမြို့နယ် ဘုမ္မဇင်းကျေးရွာအုပ်စုအတွင်းရှိ ချမ်းသာစုကျေးရွာ တအုံ(န) ကျေးရွာ၊ တအုံ(ရ) ကျေးရွာ၊ ဘုမ္မဇင်း(န) ကျေးရွာ၊ ဘုမ္မဇင်း (ရ) ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ မိုးကြိုးဘေးအသိပညာပေး၊ ရေဘေး အသိပညာပေး၊ Covid 19 ရောဂါ အသိပညာပေးဟောပြောခြင်းများအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးတို့နှင့်အတူ ဆောင်ရွက် … Read more
-
မီးဘေးသင့်ပြည်အားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၆-၂၀၂၀) ရက်နေ့၊ (၁၅း၅၂)နာရီအချိန်တွင် ကလေးမြို့၊ မြို့လှရပ်ကွက်၊ နယ်မြေ(၁၀)၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (တစ်စိတ်တစ်ပိုင်း) (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀၀) ကျပ်နှင့် Family Kits (၁)ပုံးအား (၂၅-၆-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် အဆိုပါမီးဘေးသင့်နေအိမ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg _jun2020
-
ကသာခရိုင် ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ကသာခရိုင်၊ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သော အောင်သာကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ လွှစင်ကုန်းရပ်ကွက်၊ မြနန္ဒာရပ်ကွက်၊ စက်တောကျေးရွာ၊ လယ်နက်ကြီးကျေးရွာ၊ နားယကာကျေးရွာ၊ ခမိုးကျေးရွာတို့တွင် ပြည်သူများသို့ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား အသိပညာပေးခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့၌ မင်းကင်းမြို့နယ် မင်းစားကျေးရွာ၊ ဒိုင်းကြီးကျေးရွာနှင့် အံ့စရာကျေးရွာတို့တွင် မိုးကြိုးဘေး၊ ရေဘေးနှင့် Covid-19ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020









