Category Archives: News
-
လေဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ကျဦးကျေးရွာအုပ်စု၊ ကျဦးကျေးရွာတွင် (၁၇-၆-၂၀၂၀)ရက် နေ့၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၏ ခေါင်မိုးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ အဆိုပါလေဘေးသင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၇၀၀၀ဝိ/-)အား (၁၇.၆.၂၀၂၀)ရက်နေ့၊ နေ့လည်(၃:၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_jun2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး ( ဘစမ )
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ တနန်းဥကွိုင်ကျေးရွာ၊ ဆာထန်ရော်ကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ မားနာပလော့ကျေးရွာ၊ (၆)မိုင်ကျေးရွာအုပ်စု၊ ဒေါပိုးစီကျေးရွာ၊ ဒေါဘူးငံရယ်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ဘတ်တလိန်ကျေးရွာ၊ ဟိုဝမ်ရွာသစ်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jun2020
-
ကမ်းပြိုဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင်(၁၇-၆-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၄)လုံး၊အိမ်ထောင်စု(၄)စု၊လူဦးရေ(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၁၈၉၀ဝိ/-)၊ စုစုပေါင်းကျပ်(၄၁၈၉၀ဝိ/-)အား (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
လေးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀)ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ လတာချောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ (၁၀၆၃၀၀/-)ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာနှင့် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ ဇီးကုန်းကျေးရွာတို့တွင် (၁၆-၆-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၄၅)လုံး၊ အိမ်ထောင်စု(၄၅)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄,၅၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၉၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၄၀၃,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄,၉၀၃,၂၀၀ိ/-)အား (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး ( ဘစမ … Read more
-
မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၁၇-၆-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ကံကျေးရွာ၊ တောင်ယာတောကျေးရွာ၊ ကျေးတောင်ဦးကျေးရွာနှင့် အမြန်ရေယာဉ်ဂိတ်တို့၌ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့နံနက်(၁၁:၂ဝ)အချိန်တွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကောင်း(၂)ကျေးရွာ၌မီးလောင်မှုဖြစ်ပွားခဲ့ရာ လောင်ကျွမ်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံး(တစ်စိတ်တစ်ပိုင်း)အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၅၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာကျပ်(၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံငွေကျပ်(၂၃၄ဝဝ)အား (၁၇-၆-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:ဝဝ)အချိန်တွင် မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_jun2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
ကမ်းပြိုဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀)ရက်နေ့၊ ကောလင်းမြို့နယ်၊ သပြေအိုင်ကျေးရွာအုပ်စု၊ ချောင်းကွေ့ကျေးရွာ၊ ရွာလယ်မှဖြတ်သွားသော စင်လင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး ရွှေ့ပြောင်းအိမ်ထောင်စု (၁)စု လူဦးရေ (၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ ကယ်ဆယ်ရေးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄)ဦးအတွက် ထောက်ပံ့ငွေ(၈၄၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀ိ/-) ကျပ် အား (၁၇-၆-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ် ကျွေးရွာအုပ်စု၊ နှစ်အိမ်တန်းကျေးရွာတွင် (၁၅/၁၆ -၆ -၂၀၂၀)နေ့ ၌ ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၄၃) ဦး အတွက် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေ (၁,၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၉၀,၃၀၀/-) ကျပ်၊ စုစုပေါင်း … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျောင်းစုရပ်ကွက်၊ လွှဇာတုန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၁၇-၆-၂၀၂၀)ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #bgo_jun2020









