
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၄း၆၀) နာရီအချိန်တွင် ရသေ့တောမြို့နယ်၊ ရေမျက်ကျေးရွာအုပ်စု၊ ညောင်ပင်လှ ကျေးရွာတွင် စစ်ဘေးရှောင်ခိုလှုံနေသူသည် ယမ်းစထိမှန်၍ ဘယ်ဘက်ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့ပြီး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀,၀၀၀ိ/-)ကျပ်အား (၂၅-၆-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke _jun2020