Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ရေဘေး၊ လေဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများနှင့်လက်ကမ်းစာဆောင်များဖြန့်ဝေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀) ရက်နေ့တွင် (၈:၃၀) နာရီအချိန်မှ ( ၁၂:၀၀) နာရီအချိန်ထိ ကနီမြို့နယ် ဘုမ္မဇင်းကျေးရွာအုပ်စုအတွင်းရှိ ချမ်းသာစုကျေးရွာ တအုံ(န) ကျေးရွာ၊ တအုံ(ရ) ကျေးရွာ၊ ဘုမ္မဇင်း(န) ကျေးရွာ၊ ဘုမ္မဇင်း (ရ) ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ မိုးကြိုးဘေးအသိပညာပေး၊ ရေဘေး အသိပညာပေး၊ Covid 19 ရောဂါ အသိပညာပေးဟောပြောခြင်းများအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးတို့နှင့်အတူ ဆောင်ရွက် ခဲ့ပါကြောင်းနှင့် ကျေးရွာများအတွင်း လေပြင်းဘေး ရေဘေး မိုးကြိုးဘေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_jun2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events