
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀) ရက်နေ့ (ဝ၇:၀၀)နာရီအချိန်မှ စတင်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ (၁၄)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mdy _jun2020