လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေး ဆောင်ရွက်မှုကို ဒေးဒရဲမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၊ စစ်ကုန်း ကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ ကျည်းစုကျေးရွာ၊ အစဲကြီးကျေးရွာ၊ ကျွန်းရွာကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာလိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိူင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2020