
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများးသည် (၂၅-၆-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် မိုးတွင်းကာလ နှစ်စဥ် ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့ခံစားနေရသည့် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်မှ ထပ်မံကြိုတင် ပြောင်းရွေ့ နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀,၀၀ဝိ/-)ကျပ် အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mon _jun2020