
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၆-၂၀၂၀) ရက်နေ့၊ (၁၅း၅၂)နာရီအချိန်တွင် ကလေးမြို့၊ မြို့လှရပ်ကွက်၊ နယ်မြေ(၁၀)၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (တစ်စိတ်တစ်ပိုင်း) (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀၀) ကျပ်နှင့် Family Kits (၁)ပုံးအား (၂၅-၆-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် အဆိုပါမီးဘေးသင့်နေအိမ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#sgg _jun2020