လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ကသာခရိုင်၊ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သော အောင်သာကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ လွှစင်ကုန်းရပ်ကွက်၊ မြနန္ဒာရပ်ကွက်၊ စက်တောကျေးရွာ၊ လယ်နက်ကြီးကျေးရွာ၊ နားယကာကျေးရွာ၊ ခမိုးကျေးရွာတို့တွင် ပြည်သူများသို့ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား အသိပညာပေးခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)