Category Archives: News
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးကြိုဘေး၊ရေဘေး၊မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား လိုက်လံနှိုးဆော် ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီချိန်မှ (၁၄:၀၀) နာရီထိ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ (သောကြာဒူး၊ အောင်ဘန်ကုန်း၊ ကျွန်းကုန်း၊ အင်းကြီးကုန်း၊ ကရင်စု၊ ကျောင်းကုန်း၊ ပြာသာစု)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သဘာ၀ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေးလှည့်လည်နိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဝေငှဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၃၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၊ စွပ္ပနူးကျေးရွာနှင့် ကျောက်ရေကန်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်မှစ၍ နေ့လည် (၁၃:၃၀)နာရီအထိ အိမ်မဲ မြို့နယ်အတွင်းရှိ တကောကျေးရွာ၊ ရွှေရောင်ပြကျေးရွာ၊ ကံစုကျေးရွာ၊ ဉတိုကျေးရွာ၊ ရိုးကြီးကျေးရွာ၊ ညောင်ကုန်း အကယ်ရိုးကျေးရွာ၊ ညောင်ကုန်းချောင်းဖျားကျေးရွာ၊ သံကုန်းကျေးရွာနှင့် လိပ်ပုတ်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီး တွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝ ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည် ဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့ တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် တာချီလိတ်မြို့ ၊ ပုန်းထွန်ရပ် ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အထက်တန်းအဆင့်၊ ကျောင်းအပ်နှံရေးတွင် ဆရာ၊ ဆရာမ၊ မိဘနှင့် ကျောင်းသား/ ကျောင်းသူများအား Covid -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ (Campaign) များဆောင်ရွက်ခြင်းဖြင့် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၅)လုံး အိမ်ထောင်စု(၅)စု၊ ကျား(၈)ဦး၊ မ(၁ဝ)ဦး၊ ပေါင်း(၁၈)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝ/-)နှုန်းဖြင့် အိမ်ဆောက်ထောက်ပံ့ငွေ(၅ဝဝ,ဝဝဝ/-)၊ လူဦးရေ(၁၈)ဦး အတွက် ဆန်ရိက္ခာ (၁)ပတ်စာဖိုးငွေ (၃၇,၈ဝဝ/-)၊ စုစုပေါင်းထောင်ပံ့ငွေ (၅၃၇,၈ဝဝ/-)၊ ဓါတ်ဆား (၅ဝ) ထုပ်၊ First Aid Kid (၅)အိတ်တို့အား (၁၄-၇-၂ဝ၂ဝ)ရက်နေ့ (၁၁:၃ဝ)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းအဆင့်၊ ကျောင်းအပ်နှံရေးတွင် ဆရာ၊ ဆရာမ၊ မိဘနှင့် ကျောင်းသား/ကျောင်းသူများအား Covid -19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း၊ (Campaign) များ … Read more
-
Covid-19ကူးစက်ရောဂါ ကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် အတူပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုအတွင်းရှိ၊ ဇင်ရွှဲကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ငါးခုံးမကျေးရွာနှင့် လွန်ချောင်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အများပြည်သူများ သိရှိလိုက်နာရန် Loud Speaker ဖြင့် လှည့်လည်၍ အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်းများကို … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ စ၍ အမှတ်(၄)ရပ်ကွက်ရှိ မြေနုလမ်း၊ ကုန်သည်လမ်း၊ စျေးချောင်းလမ်း၊ ကမ်းနားလမ်း၊ ရွှေစေတီလမ်း၊ မြို့မစျေး၊ မင်းကြီးလမ်း၊ ပြည်တော်သာလမ်း၊ ဥမ္မာဒန္ဓီလမ်း၊ ဘိုဘဌေးလမ်း၊ ဗလီလမ်းတို့၌လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ထောင်ကုန်းလမ်း၊ အဝေရာဆေးတိုက်လမ်း၊ စျေးရပ်တန်းလမ်း၊ မရမ်းချိုလမ်း၊ ပပဝတီလမ်း၊ ဘူတာလမ်းနှင့် မဟာဗန္ဓုလလမ်းတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်အချက်များ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (ဧရာဝတီတိုင်းဒေသကြီး)မှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ … Read more
-
မြန်မာနိုင်ငံရှိအမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း ကောက်ယူရေးဆိုင်ရာ Virtual Consultation Workshop ကျင်းပဆောင်ရွက်
ဇူလိုင် ၁၃၊ နေပြည်တော် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှု စစ်တမ်းကောက်ယူရေးဆိုင်ရာ Virtual Consultation Workshop ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online ညှိနှိုင်းဆွေးနွေးပွဲအဖြစ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ Online Consultation Workshop တွင် အမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများ လေ့လာမှုစစ်တမ်းနည်းပညာကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ညှိနှိုင်းဆွေးနွေးပွဲအား အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းကောက်ယူရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် … Read more
-
Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ UNDP၊ UNICEF တို့နှင့် ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်မဲမြို့တွင် ပြည်သူလူထုထံသို့ ကြိုတင် ကာကွယ် ရေးအသိပညာပေးခြင်း (Campaign) များဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်း လမ်းများကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more









