Category Archives: News
-
မိုင်းထိပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးဝါးကလေးကျေးရွာအုပ်စု၊ သီဝါးပုကျေးရွာ၊ မဲ့ပလဲချောင်းစပ်တွင် (၂၁-၇-၂၀၂၀)ရက်နေ့ (၁၆:၃၀)နာရီအချိန် မောင်စောချာထူးလေး(၁၂)နှစ်၊ မောင်စောဖိုးကို(၁၁)နှစ်၊ မောင်စောမောင်ခန့်(၁၁)နှစ်၊ မောင်စောကျော်ခလယ်(၁၁)နှစ်တို့သည် (၄)ဦးသည် နွားကျောင်းနေစဉ် မိုင်းကြွင်းမိုင်းကျန်မှ ပေါက်ကွဲမှုကြောင့် မောင်စောချာထူးလေး၊ ယာဘက်လက်ကောက်ဝတ်ပြတ်၍ (စိုးရိမ်ရ)(၁)ဦးနှင့် ကျန်(၃)ဦးမှာ ဒဏ်ရာရ(မစိုးရိမ်ရ)အခြေအနေဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသောကြောင့် ဆေးရုံတက်လူနာ(၄)ဦးအတွက် (၁)ဦးလျင် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၂၀၀,၀၀၀) ကျပ်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more
-
Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ ဒါးကညောင်ကုန်း ကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်းကျေးရွာ၊ ဒါးကမ ကျည်းကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန် နှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မင်းဘူးမြို့ နယ်၊ နန်းတော်ကုန်းကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jul2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စေကျွန်းကျေးရွာအုပ်စုနှင့် ကျုံရစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၇) ရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ တောင်လုံးပြင်ရပ်ကွက်၊ ရေတွင်း ကုန်းရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ သာယာကုန်းရပ်ကွက်၊ ပုသိမ်ညွန့်ရပ်ကွက်များတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ ရပ်ကွက်များအတွင်း အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_Jul2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နန်းတော် ကုန်းကျေးရွာ၌ (၅-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုမှု ကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စု (၇၇)စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၇၀၀,၀၀ဝ/-)ကျပ် နှင့် ဘေးသင့်လူဦးရေ (၂၉၂)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆၁၃,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ပေးအပ်ငွေ (၈၃၁၃၂၀ဝိ/-)ကျပ် တို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ နှင့်အတူ (၂၂-၇-၂၀၂၀) ရက်နေ့ ၊ (၁၄:၀၀) နာရီအချိန်တွင် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့၊ (၀၈:၄၅) နာရီအချိန်မှစတင်၍ ရေကြည်မြို့နယ်၊ ရေသိုးကျေးရွာအုပ်စု၊ ရေသိုးကြီးကျေးရွာ၊ လက်ပန်ကုန်းကျေးရွာ၊ ရေသိုးလေးကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ချင်းကုန်းကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့တွင် ဂရုဏာနာရေး ကူညီမှုအသင်း ပရဟိတအဖွဲ့ တို့နှင့်ပူးပေါင်း၍ ကျွန်းစုမြို့နယ် အမှတ် (၁)၊(၂)၊(၃)၊(၄) ရပ်ကွက်နှင့် ကမ်းကြီးကျေးရွာ ပြင်ထပ်အော် ကျေးရွာတို့တွင် COVID 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာ ချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များ အသိပညာပေးခြင်းနှင့် လက်ကမ်း … Read more
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့၊ တောင်ရွာနောင် (တ) ကျေးရွာ၌ (၂၂-၇-၂၀၂၀) ရက်နေ့ (၀၈:၀၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျသဖြင့် ကြိုတင်ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁) ပုံးတို့အား (၂၂-၇-၂၀၂၀) ရက်နေ့ (၁၅:၀၀) အချိန်၌ လည်းကောင်း၊ ညောင်ဦးမြို့၊ အမှတ် (၅)၊ သိကြားရပ်၌ (၂၀-၇-၂၀၂၀) ရက်နေ့ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့၌ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မင်းလျင်ကျေးရွာအုပ်စု၊ မင်းလျင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၃၁၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၃)စုစာအား (၂၂-၇-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_jul2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး … Read more









