လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့၌ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မင်းလျင်ကျေးရွာအုပ်စု၊ မင်းလျင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၃၁၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၃)စုစာအား (၂၂-၇-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_jul2020
Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)