လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ ဒါးကညောင်ကုန်း ကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်းကျေးရွာ၊ ဒါးကမ ကျည်းကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန် နှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)