လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့၊ (၀၈:၄၅) နာရီအချိန်မှစတင်၍ ရေကြည်မြို့နယ်၊ ရေသိုးကျေးရွာအုပ်စု၊ ရေသိုးကြီးကျေးရွာ၊ လက်ပန်ကုန်းကျေးရွာ၊ ရေသိုးလေးကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ချင်းကုန်းကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)