မိုင်းထိပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးဝါးကလေးကျေးရွာအုပ်စု၊ သီဝါးပုကျေးရွာ၊ မဲ့ပလဲချောင်းစပ်တွင် (၂၁-၇-၂၀၂၀)ရက်နေ့ (၁၆:၃၀)နာရီအချိန် မောင်စောချာထူးလေး(၁၂)နှစ်၊ မောင်စောဖိုးကို(၁၁)နှစ်၊ မောင်စောမောင်ခန့်(၁၁)နှစ်၊ မောင်စောကျော်ခလယ်(၁၁)နှစ်တို့သည် (၄)ဦးသည် နွားကျောင်းနေစဉ် မိုင်းကြွင်းမိုင်းကျန်မှ ပေါက်ကွဲမှုကြောင့် မောင်စောချာထူးလေး၊ ယာဘက်လက်ကောက်ဝတ်ပြတ်၍ (စိုးရိမ်ရ)(၁)ဦးနှင့် ကျန်(၃)ဦးမှာ ဒဏ်ရာရ(မစိုးရိမ်ရ)အခြေအနေဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသောကြောင့် ဆေးရုံတက်လူနာ(၄)ဦးအတွက် (၁)ဦးလျင် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၂၀၀,၀၀၀) ကျပ်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ဆေးရုံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#krn_jul2020
 
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events