လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နန်းတော် ကုန်းကျေးရွာ၌ (၅-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုမှု ကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စု (၇၇)စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၇၀၀,၀၀ဝ/-)ကျပ် နှင့် ဘေးသင့်လူဦးရေ (၂၉၂)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆၁၃,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ပေးအပ်ငွေ (၈၃၁၃၂၀ဝိ/-)ကျပ် တို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ နှင့်အတူ (၂၂-၇-၂၀၂၀) ရက်နေ့ ၊ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jul2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)