လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့၊ တောင်ရွာနောင် (တ) ကျေးရွာ၌ (၂၂-၇-၂၀၂၀) ရက်နေ့ (၀၈:၀၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျသဖြင့် ကြိုတင်ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁) ပုံးတို့အား (၂၂-၇-၂၀၂၀) ရက်နေ့ (၁၅:၀၀) အချိန်၌ လည်းကောင်း၊ ညောင်ဦးမြို့၊ အမှတ် (၅)၊ သိကြားရပ်၌ (၂၀-၇-၂၀၂၀) ရက်နေ့ (၁၄:၁၅) အချိန်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁) ပုံးတို့အား (၂၂-၇-၂၀၂၀) ရက်နေ့ (၁၅:၃၀) အချိန်၌လည်းကောင်း သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mdy_Jul2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)