လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မင်းဘူးမြို့ နယ်၊ နန်းတော်ကုန်းကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jul2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)