Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသူများနှင့် ပဲခူးတိုင်းဒေသကြီး၊ ပိန်းဇလုတ်၊ ဖြူးနှင့် အုတ်တွင်းမြို့နယ်များရှ ိရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီခြင်းများဆောင်ရွက်မှုသတင်း
သြဂုတ်လ ၄ ရက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမှုများကြောင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ရေဘေး သင့်ပြည်သူများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ကြိုတင်ပြောင်းရွှေ့ကြရသည့် ပြည်သူများအား ဖောင်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ ကမ်းပါးပြိုသည့်နေရာသို့သွားရောက်ပြီး နေအိမ် … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့၌ သရက်လိန်အုပ်စု၊ သူရဲဇီးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်၊ ဆပ်ပြာ(၃)တောင့် ၊Surgical mask(၂၆)ခု၊ ခေါက်ဆွဲခြောက်(၃၀)ထုပ်နှင့် ရေလည်ကျွန်းအုပ်စု၊ မြစစ်ကိုင်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာတို့မှ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၉)စုမှ လူဦးရေ(၈၉)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၈၆၉၀၀/-)ကျပ်၊Surgical mask(၁၇၈)ခု၊ ဆပ်ပြာ(၁၉)တောင့်၊ ခေါက်ဆွဲခြောက် (၁၉၀) ထုပ် တို့အား (၄-၈-၂၀၂၀)ရက်နေ့ ညနေ(၁၆း၀၀)နာရီအချိန်တွင် ပြည့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့သော အိမ်ထောင် စု (၁) စုမှ လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ် ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈,၄၀၀/-) ကျပ် ကို (၄-၈-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ … Read more
-
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ် (၈) ရပ်ကွက်၊ ပုဂံစုရပ်၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွေ့ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ စုစုပေါင်းလူဦးရေ (၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၂,၆၀ဝ/-) ကျပ်တို့အား (၄-၈-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့၌ ရွာသာယာအုပ်စု၊ ရွာသာယာကျေးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခါဖိုး(၇)ရက်စာ (၅၈၈၀၀/-)ကျပ်၊ ဆပ်ပြာ(၅)တောင့်၊ Surgical mask(၅၆)ခု၊ ခေါက်ဆွဲခြောက်(၅၀)ထုပ်တို့အား (၄-၈-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ပြည့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bgo_aug2020
-
ရေဘေး၊ ကမ်းပြိုဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၈-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ် အတွင်းရှိ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားနိုင်သည့် ရေကြီးခြင်း၊ မြစ်ကမ်းပါးပြိုခြင်းစသည့် ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း၊ ကမ်းပြိုဘေးဖြစ်ပွားနိုင်သည့်နေရာများကို ကွင်းဆင်းကြည့်ရှုခြင်းတို့ဆောင်ရွက်ခဲ့ပြီး ရေဘေးနှင့် ကမ်းပြိုဘေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #ar_rbe #tny_aug2020 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ဥယျာဉ်ကျေးရွာ အုပ်စု၊ ရေလယ်တောင်ကျေးရွာ၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွေ့ နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ စုစုပေါင်းလူဦးရေ (၅၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၁၅,၅၀ဝ/-) ကျပ်တို့အား (၄-၈-၂၀၂၀) ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေဘေးသင့်ရွှေ့ပြောင်းအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာအုပ်စု၊ ညောင်တော(မ) ကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာနှင့် ကူတုတ်ကျေး ရွာတို့တွင် (၁-၈-၂၀၂၀) ရက်နေ့မှ(၂-၈-၂၀၂၀) ရက်နေ့ထိ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ရွှေပြောင်း အိမ်ထောင်စု (၂၁) စု၊ လူဦးရေ(၅၄) ဦးတို့အား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀၀/-) ကျပ်၊ ဆပ်ပြာ (၂၁) တောင့်၊ ခေါက်ဆွဲခြောက် (၂၁၀) ထုပ်၊ ရှမ်းရိုးမဒဏ်ကြေလိမ်းဆေး(၂၁)ဗူးနှင့် Surgical Mask (၅၄)ခုတို့အား (၄-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀) … Read more
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊လက်ပံကျွန်းအုပ်စု၊ ကျွန်းသစ်အရှေ့ကျေးရွာ၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်း ရွေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ စုစုပေါင်းလူဦးရေ (၂၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၅၄,၆၀ဝ/-) ကျပ်တို့အား (၄-၈-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီအချိန်တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှတာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့၊ ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၉)ရွာတို့၌ (၂၉-၇-၂၀၂၀) ရက်နေ့မှ (၂၈-၇-၂၀၂၀)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ခြေ(၅၄၁)လုံး၊ အိမ်ထောင်စု (၅၄၁)စုမှ လူဦးရေ (၁၇၈၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃,၇၃၈,၀၀၀/-)ကျပ်ကို (၄-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)









