လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့၊ ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၉)ရွာတို့၌ (၂၉-၇-၂၀၂၀) ရက်နေ့မှ (၂၈-၇-၂၀၂၀)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ခြေ(၅၄၁)လုံး၊ အိမ်ထောင်စု (၅၄၁)စုမှ လူဦးရေ (၁၇၈၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃,၇၃၈,၀၀၀/-)ကျပ်ကို (၄-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)