ရေဘေး၊ ကမ်းပြိုဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၈-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ် အတွင်းရှိ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားနိုင်သည့် ရေကြီးခြင်း၊ မြစ်ကမ်းပါးပြိုခြင်းစသည့် ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း၊ ကမ်းပြိုဘေးဖြစ်ပွားနိုင်သည့်နေရာများကို ကွင်းဆင်းကြည့်ရှုခြင်းတို့ဆောင်ရွက်ခဲ့ပြီး ရေဘေးနှင့် ကမ်းပြိုဘေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_fld

#ar_rbe

#tny_aug2020

Source:           လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events