လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့‌သော အိမ်ထောင် စု (၁) စုမှ လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ် ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈,၄၀၀/-) ကျပ် ကို (၄-၈-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင်  သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_aug2020

Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events