ရေဘေးသင့်ရွှေ့ပြောင်းအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​​ရေစ​ကြို​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​​ညောင်တောကျေးရွာအုပ်စု၊ ညောင်တော(မ) ကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာနှင့် ကူတုတ်ကျေး ရွာတို့တွင် (၁-၈-၂၀၂၀) ရက်နေ့မှ(၂-၈-၂၀၂၀) ရက်​နေ့ထိ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ရွှေပြောင်း အိမ်ထောင်စု (၂၁) စု၊ လူဦးရေ(၅၄) ဦးတို့အား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀၀/-) ကျပ်၊ ဆပ်ပြာ (၂၁) တောင့်၊ ခေါက်ဆွဲခြောက် (၂၁၀) ထုပ်၊ ရှမ်းရိုးမဒဏ်ကြေလိမ်း​ဆေး(၂၁)ဗူးနှင့် Surgical Mask (၅၄)ခုတို့အား (၄-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင်  ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်း​ရရှိပါသည်။

#ha_fld

#mgy_aug2020

Source: ရေစ​ကြို​မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events